MYARF Slide

...

Friday, November 9, 2012

အမိမြန်မာနိုင်ငံတပ်မတော်ကို ရခိုင်ဘင်္ဂလီဗုဒ္ဒ ခွဲထွက်ေးရးရခိုင်အကြမ်းဖက် ALD လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်စိန်ခေါ်၊ ပြည်သူ. ၀န်ထမ်း ၃ ယောက်ကိုပြန်ပြေးဆွဲ ဖမ်းဆီးခံ မြန်မာ တပ်သား (၃) ဦး ကိစ္စ နစကနှင့် ဘီဂျီပီ အလံတင် အစည်းအဝေး ပြုလုပ်


            နယ်စပ်ဒေသ လူဝင်မူကြီးကြပ်ရေး အဖွဲ့ နစကနှင့် ဘီဂျီပီ ဘင်္ဂလာဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့တို့ သည် နယ်စပ်တွင် ယမန်နေ့က တွေ့ဆုံကာ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံမှ GE တပ်သား ၃ ဦး အရေးနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြ သည်ဟု သိရသည်။
            နှစ်နိုင်ငံ တပ်မှူးအဆင့် အလံတင်တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာဘက်မှ ဖမ်းဆီးခံထားရသောတပ်သား (၃) ဦး ပြန်လည် လွှတ်မြောက်ရေး အတွက် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့၏ အကူအညီကိုတောင်းခံခဲ့သည်ဟုဆိုသည်။ တွေ့ဆုံ ဆွေးနွေးပွဲ အား ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်း ဘင်ဒရိုင်ဘင်ခရိုင်တောင်ဘက်ပိုင်း လိမ္မော်ဆရီး ဘီဂျီပီ စခန်းတွင် ပြုလုပ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးစဉ် မြန်မာဘက်က ထိုသို့အကူအညီ တောင်းခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အလံတင်ဆွေး နွေးပွဲတွင် မြန်မာ န.စ.က ဘက်မှ ဦးမြင့်ထွန်း ဦးဆောင်တက်ရောက်ခဲ့ပြီး ဘင်္ဂလာဒေခ်ျ့ ဘီဂျီပီတပ်ဖွဲ့မှ လိမ္မော်ဆရီစခန်း တာဝန်ခံ ဆာဘီဒါဆာဟက် အလံဦး ဆောင် တက်ရောက်ခဲ့သည်။


            မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေ အပိုင် ဗန္ဓုလစခန်းအနီးတွင် လမ်းလုပ်နေသော GE တပ်ဖွဲ့မှ တပ်သား (၄) ဦးကို လက်နက်အပြည့်အစုံ ကိုင်ဆိုင်ထားသောအဖွဲ့တစ်ခုမှ နိုဝင်္ဘာလ ၆ ရက်နေ့က ၀င်ရောက် ပစ်ခတ်ခဲ့ သည်။ အဆိုပါ ပစ်ခတ်မူကြောင့် GE တပ်ဖွဲ့မှာ လမ်းဗိုလ်ခေါ် စက်ပြင်ဆရာ ကျော်ကျော်ဝေ ပွဲချင်းသေဆုံးသွားခဲ့ပြီး တပ်ကြပ်ကြီး ခင်မိုးအောင်နှင့် နောက်ထပ် (၂) ဦး ဖမ်းဆီးခံခဲ့ရသည်။
            နယ်စပ် အရပ်ဘက်သတင်းအရ ဖမ်းဆီးခံရသူ (၃) ဦးကို သတ်ပစ်လိုက်ပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်နေ သော် လည်း သီးသန့်အတည်ပြုနိုင်ခြင်း မရှိသေးပါ။ မြန်မာဘက်မှ ယခုဝင်ရောက် ပစ်ခတ်ခဲ့သောအဖွဲ့ကိုရခိုင်အကြမ်းဖက် ALD လက်နက်ကိုင်အဖွဲ့ဟု ယူဆရပြီး ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များကမူ အဆိုပါအဖွဲ့မှာ ဘင်္ဂလာဒေခ်ျ့နယ်မြေတွင် ခိုအောင်း၍မရှိ ကြောင်း ပြောဆိုထားသည်ဟုသိရသည်

No comments:

Post a Comment